အခုနှစ်ရာသီမှာအောင်မြင်မှုတွေရယူဖို့ယုံကြည်မှုအပြည့်ရှိတယ်လို့ဘရူနိုဖာနန်ဒက်စ်ဆို

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီအတွက် အောင်မြင်မှုတွေရယူနိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေပြီလို့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် က ပြောပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ပဲလေစ့် အသင်းကို အိုးထရက်ဖိုဒ့်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့ပေမယ့် သူရဲ့သက်ရောက်မှုတွေက အသင်းပေါ်အများကြီး အ‌ကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ဟာ အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဘရူနိုဖာနန်ဒက်စ် ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲစဉ်ပါဝင်ကစားပြီးနောက် သူရဲ့အမျိုးသမီး က ဒုတိယမြောက်ရင်သွေးမွေးဖွားခဲ့တာကြောင့် အခုမှ အသင်းနဲ့အတူ လေ့ကျင့်နိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ် ဟာ ပဲလေစ့် အသင်းနဲ့ ပွဲစဉ်မှာ ကစားသမားသစ် ဗန်ဒီဘိခ် နဲ့ တွဲဖက်ကစားရတော့မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ကစားသမားအစုံအလင် ပါဝင်ပြီးလေ့ကျင့်နေကြပြီလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် က “ကျွန်တော်တို့ အများစုဟာ ဒီတစ်ပတ်မှ အသင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမယ့် အသင်းက ကစားသမားအချို့ဟာ လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့အတွက် ဒါဟာကောင်းပါတယ်။ကျွန်တော်တို့ဟာ အားလပ်ရက်(၁၅)ရက်ပဲရရှိခဲ့ပေမယ့် မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်နေဖို့ ၊ အနားယူဖို့နဲ့ ရာသီသစ်အတွက်အာရုံစိုက်ဖို့ ဒါဟာလုံလောက်ပါတယ်။ဟုတ်ပါတယ် ကျွန်တော်တို့ဟာ အားလပ်ရက်တွေနဲ့ အရာအားလုံးကို လိုချင်ပေမယ့် ဘောလုံးကစားရတာကိုနှစ်သက်တဲ့အတွက် အမြန်ဆုံးပြန်ကစားချင်ကြတယ်”လို့ဆိုပါတယ်။

“ကျွန်တော်တို့ ဒီနေ့ကစားခဲ့ရမယ်ဆိုရင်လည်း ကစားဖို့အသင့်ပါပဲ။အခုအချိန်မှာတော့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက အောင်မြင်မှုတွေရရှိဖို့နဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ကို အာရုံစိုက်ဖို့ဖြစ်ပါတယ်။အခုအချိန်မှာ လူတိုင်းက ဒီအချက်ကို အာရုံစိုက်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဘရူနိုဖာနန်ဒက်စ် က ဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုႏွစ္ရာသီအတြက္ ေအာင္ျမင္မႈေတြရယူနိုင္ဖို႔ ယုံၾကည္မႈအျပည့္ရွိေနၿပီလို႔ ကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္ က ေျပာပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုလာမယ့္ စေနေန႔မွာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ပဲေလစ့္ အသင္းကို အိုးထရက္ဖိုဒ့္မွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီကမွ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေရာက္ရွိလာခဲ့ေပမယ့္ သူရဲ့သက္ေရာက္မႈေတြက အသင္းေပၚအမ်ားႀကီး အ‌က်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ဟာ အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲပါဝင္နိုင္ခဲ့ျခင္းမရွိပါဘူး။ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ေပၚတူဂီလက္ေရြးစင္အသင္းနဲ႔အတူ ေနးရွင္းလိဂ္ပြဲစဥ္ပါဝင္ကစားၿပီးေနာက္ သူရဲ့အမ်ိဳးသမီး က ဒုတိယေျမာက္ရင္ေသြးေမြးဖြားခဲ့တာေၾကာင့္ အခုမွ အသင္းနဲ႔အတူ ေလ့က်င့္နိုင္ခဲ့တာျဖစ္ပါတယ္။ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ပဲေလစ့္ အသင္းနဲ႔ ပြဲစဥ္မွာ ကစားသမားသစ္ ဗန္ဒီဘိခ္ နဲ႔ တြဲဖက္ကစားရေတာ့မွာလည္းျဖစ္ပါတယ္။ဒါ့အျပင္ မေန႔က ျပဳလုပ္ခဲ့တဲ့ အသင္းရဲ့ေလ့က်င့္ေရးအစီအစဥ္မွာ ကစားသမားအစုံအလင္ ပါဝင္ၿပီးေလ့က်င့္ေနၾကၿပီလည္းျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ က “ကၽြန္ေတာ္တို႔ အမ်ားစုဟာ ဒီတစ္ပတ္မွ အသင္းနဲ႔အတူေလ့က်င့္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ဒါေပမယ့္ အသင္းက ကစားသမားအခ်ိဳ႕ဟာ လက္ေရြးစင္အသင္းေတြမွာ ပါဝင္ကစားခဲ့တဲ့အတြက္ ဒါဟာေကာင္းပါတယ္။ကၽြန္ေတာ္တို႔ဟာ အားလပ္ရက္(၁၅)ရက္ပဲရရွိခဲ့ေပမယ့္ မိသားစုနဲ႔အတူေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနဖို႔ ၊ အနားယူဖို႔နဲ႔ ရာသီသစ္အတြက္အာ႐ုံစိုက္ဖို႔ ဒါဟာလုံေလာက္ပါတယ္။ဟုတ္ပါတယ္ ကၽြန္ေတာ္တို႔ဟာ အားလပ္ရက္ေတြနဲ႔ အရာအားလုံးကို လိုခ်င္ေပမယ့္ ေဘာလုံးကစားရတာကိုႏွစ္သက္တဲ့အတြက္ အျမန္ဆုံးျပန္ကစားခ်င္ၾကတယ္”လို႔ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ ဒီေန႔ကစားခဲ့ရမယ္ဆိုရင္လည္း ကစားဖို႔အသင့္ပါပဲ။အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးဆုံးက ေအာင္ျမင္မႈေတြရရွိဖို႔နဲ႔ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ကို အာ႐ုံစိုက္ဖို႔ျဖစ္ပါတယ္။အခုအခ်ိန္မွာ လူတိုင္းက ဒီအခ်က္ကို အာ႐ုံစိုက္ေနၾကတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ဘ႐ူနိုဖာနန္ဒက္စ္ က ဆိုခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *