ဘာစီလိုနာကြယ်ပွင့်ကခေါ်ဖို့ကမ်းလှမ်းခဲ့တာကိုမစဉ်းစားပဲ ငြင်းပယ်ခဲ့တဲ့ မန်ချက်စတာကလပ်

မန်စီးတီး အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဂရစ်ဇ်မန်း ကို ခေါ်ယူလို့ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား ဂရစ်ဇ်မန်း ဟာ ကတ်တလန်ကလပ်မှာ ကစားခဲ့တဲ့ ပထမရာသီအပြီးထဲက အသင်းက ထွက်ခွာချင်နေခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်း ကို အသလက်တီကို အသင်းကနေ ခေါ်ယူခဲ့တဲ့ နည်းပြ ဗယ်လ်ဗာဒီကလည်း ရာသီအလယ်မှာထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာအစားဝင်တဲ့ နည်းပြ ဆက်တီယန်ကလည်း ရာသီအကုန်မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီတစ်လျှောက်လုံးနည်းပြအပြောင်းအလဲတွေကြုံတွေ့ခဲ့ရတဲ့ ဂရစ်ဇ်မန်း ဟာ အခုရာသီအစမှာလည်း နည်းပြသစ် ရော်နယ်လ်ကိုးမန်း နဲ့ လက်တွဲအလုပ်လုပ်ကိုင်နေရတာပါ။ဂရစ်ဇ်မန်း ဟာ ပြီးခဲ့တဲ့နှစ်ရာသီက ပေါင်(၁၀၈)သန်းနဲ့ အသလက်တီကို အသင်းကနေ ဘာစီလိုနာ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ အထိုင်ကျဖို့အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို (၈)ဂိုး-(၂)ဂိုးနဲ့အရှက်ရဖွယ်ရှုံးနိမ့်ခဲ့သလို ဖလားလက်မဲ့နဲ့ရာသီကုန်‌ဆုံးခဲ့ရတာပါ။ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပွဲပေါင်း(၄၈)ပွဲကစားခဲ့ပြီး (၁၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာတော့ ဂရစ်ဇ်မန်း က သူဟာ ဘာစီလိုနာ အသင်းမှာပဲ ဆက်ရှိမယ်လို့အတည်ပြုသွားခဲ့ပြီး အသင်းကလည်း သူ့ကို ကျောနံပတ်(၇)ဂျာစီပေးခဲ့ပါတယ်။

ရော်နယ်လ်ကိုးမန်းကလည်း ဂရစ်ဇ်မန်း ဟာ သူကစားချင်တဲ့နေရာမှာ ကစားရမယ်လို့ ဆိုထားပါတယ်။ဂရစ်ဇ်မန်း ဟာ အပြောင်းအရွှေ့အစမှာပဲ မန်စီးတီး အသင်းထံ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာကလပ်က ဒီကမ်းလှမ်းမှုကို မစဉ်းစားခဲ့ဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။ဘာစီလိုနာ အသင်းဟာ အခုလ(၂၆)ရက်မှာ သူတို့ရဲ့လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းဟာ အခုအေျပာင္းအေရႊ႕မွာ ဂရစ္ဇ္မန္း ကို ေခၚယူလို႔ရမယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။ဘာစီလိုနာ အသင္းတိုက္စစ္ကစားသမား ဂရစ္ဇ္မန္း ဟာ ကတ္တလန္ကလပ္မွာ ကစားခဲ့တဲ့ ပထမရာသီအၿပီးထဲက အသင္းက ထြက္ခြာခ်င္ေနခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္း ကို အသလက္တီကို အသင္းကေန ေခၚယူခဲ့တဲ့ နည္းၿပ ဗယ္လ္ဗာဒီကလည္း ရာသီအလယ္မွာထုတ္ပယ္ခံခဲ့ရၿပီး သူ႔ေနရာအစားဝင္တဲ့ နည္းၿပ ဆက္တီယန္ကလည္း ရာသီအကုန္မွာ ထုတ္ပယ္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ရာသီတစ္ေလၽွာက္လုံးနည္းျပအေျပာင္းအလဲေတြၾကဳံေတြ႕ခဲ့ရတဲ့ ဂရစ္ဇ္မန္း ဟာ အခုရာသီအစမွာလည္း နည္းျပသစ္ ေရာ္နယ္လ္ကိုးမန္း နဲ႔ လက္တြဲအလုပ္လုပ္ကိုင္ေနရတာပါ။ဂရစ္ဇ္မန္း ဟာ ၿပီးခဲ့တဲ့ႏွစ္ရာသီက ေပါင္(၁၀၈)သန္းနဲ႔ အသလက္တီကို အသင္းကေန ဘာစီလိုနာ အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပြဲဦးထြက္ရာသီမွာ အထိုင္က်ဖို႔အေတာ္ေလး႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္ အသင္းကို (၈)ဂိုး-(၂)ဂိုးနဲ႔အရွက္ရဖြယ္ရႈံးနိမ့္ခဲ့သလို ဖလားလက္မဲ့နဲ႔ရာသီကုန္‌ဆုံးခဲ့ရတာပါ။ျပင္သစ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက ပြဲေပါင္း(၄၈)ပြဲကစားခဲ့ၿပီး (၁၅)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။အခုအခ်ိန္မွာေတာ့ ဂရစ္ဇ္မန္း က သူဟာ ဘာစီလိုနာ အသင္းမွာပဲ ဆက္ရွိမယ္လို႔အတည္ျပဳသြားခဲ့ၿပီး အသင္းကလည္း သူ႔ကို ေက်ာနံပတ္(၇)ဂ်ာစီေပးခဲ့ပါတယ္။

‌ေရာ္နယ္လ္ကိုးမန္းကလည္း ဂရစ္ဇ္မန္း ဟာ သူကစားခ်င္တဲ့ေနရာမွာ ကစားရမယ္လို႔ ဆိုထားပါတယ္။ဂရစ္ဇ္မန္း ဟာ အေျပာင္းအေရႊ႕အစမွာပဲ မန္စီးတီး အသင္းထံ ကမ္းလွမ္းခဲ့ေပမယ့္ မန္ခ်က္စတာကလပ္က ဒီကမ္းလွမ္းမႈကို မစဥ္းစားခဲ့ဘူးလို႔ သတင္းမွာေဖာ္ျပထားပါတယ္။ဘာစီလိုနာ အသင္းဟာ အခုလ(၂၆)ရက္မွာ သူတို႔ရဲ့လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ဗီလာရီးရယ္လ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *