ရောင်းပါမယ်ဆိုတာတောင် မဝယ်ဘူးလို့ ငြင်းခံခဲ့ရတဲ့ ဘာစီလိုနာကြယ်ပွင့်

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အစမှာ မန်ချက်စတာစီးတီးအသင်းကို ရောင်းချဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်အသင်းက ကမ်းလှမ်းမှုကို မစဉ်းစားခဲ့တာဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

RAC1 ရဲ့ဖော်ပြချက်အရ ဂရစ်ဇ်မန်းဟာ ၎င်းရဲ့ပထမဆုံးရာသီအကုန်မှာပဲ မရေရာမှုတွေများနေတဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာချင်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြဗယ်ဗာဒီလက်ထက်မှာ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂရစ်ဇ်မန်းဟာ ရာသီဝက်မှာပဲ နည်းပြအပြောင်းအလဲကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ကီကေးဆက်တီယန်ကလည်း ရာသီကုန်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာအသင်းကို ပေါင် ၁၀၈ သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နူးကမ့်မှာ ဂရစ်ဇ်မန်းရဲ့ပွဲဦးထွက်ရာသီကတော့ ခက်ခဲကြမ်းတမ်းခဲ့တာဖြစ်ပါတယ်။ အသင်းလိုက်ကြည့်မယ်ဆိုရင် ဘာစီလိုနာဟာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးနိမ့်ပြီး အရှက်တကွဲနဲ့ ရာသီသိမ်းခဲ့ရတာဖြစ်ပါတယ်။

တစ်ဦးချင်းအရလည်း ဂရစ်ဇ်မန်းဟာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့ပြီး ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂရစ်ဇ်မန်းက ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို စွန့်ခွာမှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းထုတ်ပြောထားပြီးသားဖြစ်ပြီး နည်းပြသစ်ကိုးမန်းကလည်း ဂရစ်ဇ်မန်းကို အထောင်တိုက်စစ်နေရာမှာကစားခိုင်းပြီး အကောင်းဆုံးပုံစံရအောင် ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။

(Zawgyi)

ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး ဂရစ္ဇ္မန္းဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အစမွာ မန္ခ်က္စတာစီးတီးအသင္းကို ေရာင္းခ်ဖို႔ ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္ ပရီးမီးယားလိဂ္အသင္းက ကမ္းလွမ္းမႈကို မစဥ္းစားခဲ့တာျဖစ္တယ္လို႔ Sportskeeda က ေဖာ္ျပခဲ့ပါတယ္။

RAC1 ရဲ့ေဖာ္ျပခ်က္အရ ဂရစ္ဇ္မန္းဟာ ၎ရဲ့ပထမဆုံးရာသီအကုန္မွာပဲ မေရရာမႈေတြမ်ားေနတဲ့ ဘာစီလိုနာအသင္းကို စြန႔္ခြာခ်င္ခဲ့တယ္လို႔ သိရပါတယ္။ နည္းျပဗယ္ဗာဒီလက္ထက္မွာ ေခၚယူျခင္းခံခဲ့ရတဲ့ ဂရစ္ဇ္မန္းဟာ ရာသီဝက္မွာပဲ နည္းျပအေျပာင္းအလဲကို ရင္ဆိုင္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ကီေကးဆက္တီယန္ကလည္း ရာသီကုန္မွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဘာစီလိုနာအသင္းကို ေပါင္ ၁၀၈ သန္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းကေန ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာ ဂရစ္ဇ္မန္းရဲ့ပြဲဦးထြက္ရာသီကေတာ့ ခက္ခဲၾကမ္းတမ္းခဲ့တာျဖစ္ပါတယ္။ အသင္းလိုက္ၾကည့္မယ္ဆိုရင္ ဘာစီလိုနာဟာ ဖလားလက္မဲ့ျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္ကို ၈-၂ နဲ႔ ရႈံးနိမ့္ၿပီး အရွက္တကြဲနဲ႔ ရာသီသိမ္းခဲ့ရတာျဖစ္ပါတယ္။

တစ္ဦးခ်င္းအရလည္း ဂရစ္ဇ္မန္းဟာ ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနခဲ့ၿပီး ၄၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၅ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂရစ္ဇ္မန္းက ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကို စြန႔္ခြာမွာမဟုတ္ေၾကာင္း ရွင္းရွင္းလင္းလင္းထုတ္ေျပာထားၿပီးသားျဖစ္ၿပီး နည္းျပသစ္ကိုးမန္းကလည္း ဂရစ္ဇ္မန္းကို အေထာင္တိုက္စစ္ေနရာမွာကစားခိုင္းၿပီး အေကာင္းဆုံးပုံစံရေအာင္ ႀကိဳးပမ္းသြားမယ္လို႔ ေျပာထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *