ဂျုဗင်တပ်စ်အသင်းကချိန်နေတဲ့ပစ်မှတ်ကိုကြားဖြတ်ခုတ်ဖို့လုပ်နေတဲ့အင်တာမီလန်

အင်တာမီလန် အသင်းနည်းပြ ကွန်တီ ဟာ ချယ်လ်ဆီး အသင်းတိုက်စစ်မှုး ဂီရောဒ့် ကိုခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ Sky Italy သတင်းမှာဖော်ပြထားပါတယ်။အင်တာမီလန် အသင်းမှာ တိုက်စစ်မှုးတွေဖြစ်တဲ့ မာတီးနက်စ် နဲ့ လူကာကူ တို့(၂)ဦးရှိနေပေမယ့် အရန်အသင့်တိုက်စစ်မှုးတစ်ဦးထားဖို့အတွက် အခုအပြောင်းအရွှေ့မှာ ဂီရောဒ့်ကို ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှုးဟာ (၂၀၁၈)ဇန်နဝါရီက အာဆင်နယ် အသင်းကနေ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး (၅၈)ပွဲပါဝင်ကစားကာ (၁၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဂီရောဒ့်ဟာ ချယ်လ်ဆီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂီရောဒ့်ဟာ ကလပ်အသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်မရရင်တောင် ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ပြင်သစ်မှာတော့ ဂီရောဒ့် ဟာ (၉၉)ပွဲကစားပြီး ဂိုး(၄၀)သွင်းယူကာ လက်ရွေးစင်အသင်းရဲ့တတိယမြောက်ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေဝာာပါ။ ချယ်လ်ဆီး အသင်းဟာ လိုက်ပ်ဇစ် အသင်းက တီမိုဝါနာ ကို ခေါ်ယူထားသလို အေဘရာဟမ်ကလည်း ရှိနေတဲ့အတွက် ဂီရောဒ့်အနေနဲ့ ပွဲအနည်းငယ်သာ ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် အင်တာမီလန် အသင်းက ဒီအခွင့်အရေးကို အရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။အင်တာမီလန် အသင်းနည်းပြကွန်တီ ဟာ ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေတာဖြစ်ပြီး အသင်းမှာ ပရီးမီးယားလိဂ်ကခေါ်ယူထားတဲ့ကစားသမား(၅)ယောက်အထိရှိနေတာလည်းဖြစ်ပါတယ်။

Zawgyi

အင္တာမီလန္ အသင္းနည္းၿပ ကြန္တီ ဟာ ခ်ယ္လ္ဆီး အသင္းတိုက္စစ္မႈး ဂီေရာဒ့္ ကိုေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈေတြျပဳလုပ္ဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔ Sky Italy သတင္းမွာေဖာ္ျပထားပါတယ္။အင္တာမီလန္ အသင္းမွာ တိုက္စစ္မႈးေတြျဖစ္တဲ့ မာတီးနက္စ္ နဲ႔ လူကာကူ တို႔(၂)ဦးရွိေနေပမယ့္ အရန္အသင့္တိုက္စစ္မႈးတစ္ဦးထားဖို႔အတြက္ အခုအေျပာင္းအေရႊ႕မွာ ဂီေရာဒ့္ကို ေခၚယူဖို႔စီစဥ္ေနတာျဖစ္ပါတယ္။

ြပင္သစ္တိုက္စစ္မႈးဟာ (၂၀၁၈)ဇန္နဝါရီက အာဆင္နယ္ အသင္းကေန ခ်ယ္လ္ဆီး အသင္းကို ေျပာင္းေရႊ႕လာတာျဖစ္ၿပီး (၅၈)ပြဲပါဝင္ကစားကာ (၁၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ဂီေရာဒ့္ဟာ ခ်ယ္လ္ဆီး အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရာသီတုန္းကေတာ့ ပုံမွန္ပြဲထြက္ခြင့္ရခဲ့ၿပီး ေျခစြမ္းၿပ ဂိုးေတြသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဂီေရာဒ့္ဟာ ကလပ္အသင္းေတြမွာ ပုံမွန္ပြဲထြက္ခြင့္မရရင္ေတာင္ ျပင္သစ္လက္ေရြးစင္အသင္းမွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ရခဲ့ၿပီး ကမၻာ့ဖလားခ်န္ပီယံဆုကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။ျပင္သစ္မွာေတာ့ ဂီေရာဒ့္ ဟာ (၉၉)ပြဲကစားၿပီး ဂိုး(၄၀)သြင္းယူကာ လက္ေရြးစင္အသင္းရဲ့တတိယေျမာက္ဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနဝာာပါ။လက္ရွိအခ်ိန္မွာေတာ့ ခ်ယ္လ္ဆီး အသင္းဟာ လိုက္ပ္ဇစ္ အသင္းက တီမိုဝါနာ ကို ေခၚယူထားသလို ေအဘရာဟမ္ကလည္း ရွိေနတဲ့အတြက္ ဂီေရာဒ့္အေနနဲ႔ ပြဲအနည္းငယ္သာ ကစားရဖြယ္ရွိေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အင္တာမီလန္ အသင္းက ဒီအခြင့္အေရးကို အရယူဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။အင္တာမီလန္ အသင္းနည္းျပကြန္တီ ဟာ ပရီးမီးယားလိဂ္ကစားသမားေတြနဲ႔ အသင္းကို တည္ေဆာက္ေနတာျဖစ္ၿပီး အသင္းမွာ ပရီးမီးယားလိဂ္ကေခၚယူထားတဲ့ကစားသမား(၅)ေယာက္အထိရွိေနတာလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *