နည်းစနစ်နဲ့အံမဝင်တဲ့ကစားသမားတစ်ဦးကိုအားမနာပဲရှင်းထုတ်ဖို့စီစဉ်နေတဲ့ပီယာလို

ဂျုဗင်တပ်စ် အသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမား ရမ်ဆေးကို ရောင်းချဖို့စီစဉ်နေပြီလို့ သတင်းတွေမှာဖော်ပြထားပါတယ်။ရမ်ဆေးဟာ (၂၀၁၉)နွေရာသီက အာဆင်နယ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး တစ်ရာသီသာကစားရသေးတာဖြစ်ပါတယ်။ဂျုဗင်တပ်စ် အသင်းနည်းပြသစ် ပီယာလို ကတော့ ရမ်ဆေး ကို ရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းကစားသမားဟောင်းကို ခေါ်ယူဖို့လန်ဒန်ကလပ်အသင်းတွေဖြစ်တဲ့ ပဲလေစ့်နဲ့ ဝက်စ်ဟမ်း အသင်းတို့က စိတ်ဝင်စားနေတာပါ။ရမ်ဆေး ဟာ ပြီးခဲ့တဲ့ရာသီက ဂျုဗင်တပ်စ် အသင်းအတွက် (၃၅)ပွဲပါဝင်ကစားပြီး (၄)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဝေးလ်စ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကလည်း ကွင်းလယ်ကစားသမားတွေအများကြီးရှိတဲ့ ဂျုဗင်တပ်စ် အသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရပါတယ်။

အခုနှစ်ရာသီမှာတော့ ဂျုဗင်တပ်စ် အသင်းဟာ ဆာရီကို ထုတ်ပယ်ပြီး ပီယာလို ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်တာ‌ဖြစ်ပါတယ်။ပီယာလို ကတော့ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲတွေအများကြီးပြုလုပ်ဖို့ရည်ရွယ်ထားပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။သတင်းတွေအရ ဂျုဗင်တပ်စိ အသင်းဟာ ရမ်ဆေး ကို ပေါင်(၂၃)သန်းကနေ ပေါင်(၂၇)သန်းထိ ကမ်းလှမ်းမယ့် အသင်းတွေကို စဉ်းစားဖွယ်ရှိတယ်လို့ဖော်ပြထားပါတယ်။

ရမ်ဆေး ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့လန်ဒန်ကလပ်(၂)သင်းကတော့ ဒီပြောင်းရွှေ့ကြေးကိုပေးဖွယ်မရှိဘူးလို့ သတင်းမှာဆိုထားပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ အခုအပြောင်းအရွှေ့မစတင်ထဲက ကွင်းလယ်ပိုင်းကို အပြောင်းအလဲပြုလုပ်ထားတာဖြစ်ပါတယ်။အသင်းရဲ့ကွင်းလယ်ကစားသမား ယာနစ် ကို ဘာစီလိုနာ အသင်းထံပို့ခဲ့ပြီး ဘာစီလိုနာ အသင်းက မယ်လို ကို ခေါ်ယူထားတာဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္းဟာ သူတို႔ရဲ့ကြင္းလယ္ကစားသမား ရမ္ေဆးကို ေရာင္းခ်ဖို႔စီစဥ္ေနၿပီလို႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။ရမ္ေဆးဟာ (၂၀၁၉)ေႏြရာသီက အာဆင္နယ္ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး တစ္ရာသီသာကစားရေသးတာျဖစ္ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းနည္းျပသစ္ ပီယာလို ကေတာ့ ရမ္ေဆး ကို ေရာင္းခ်ဖို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းကစားသမားေဟာင္းကို ေခၚယူဖို႔လန္ဒန္ကလပ္အသင္းေတြျဖစ္တဲ့ ပဲေလစ့္နဲ႔ ဝက္စ္ဟမ္း အသင္းတို႔က စိတ္ဝင္စားေနတာပါ။ရမ္ေဆး ဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဳဗင္တပ္စ္ အသင္းအတြက္ (၃၅)ပြဲပါဝင္ကစားၿပီး (၄)ဂိုးသြင္းယူနိုင္ခဲ့တာပါ။ေဝးလ္စ္ ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီကလည္း ကြင္းလယ္ကစားသမားေတြအမ်ားႀကီးရွိတဲ့ ဂ်ဳဗင္တပ္စ္ အသင္းအတြက္ ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရပါတယ္။

အခုႏွစ္ရာသီမွာေတာ့ ဂ်ဳဗင္တပ္စ္ အသင္းဟာ ဆာရီကို ထုတ္ပယ္ၿပီး ပီယာလို ကို နည္းျပသစ္အျဖစ္ခန႔္အပ္လိုက္တာ‌ျဖစ္ပါတယ္။ပီယာလို ကေတာ့ အသင္းရဲ့လူစာရင္းကို အေျပာင္းအလဲေတြအမ်ားႀကီးျပဳလုပ္ဖို႔ရည္ရြယ္ထားၿပီး ေအာင္ျမင္မႈေတြရယူနိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။သတင္းေတြအရ ဂ်ဳဗင္တပ္စိ အသင္းဟာ ရမ္ေဆး ကို ေပါင္(၂၃)သန္းကေန ေပါင္(၂၇)သန္းထိ ကမ္းလွမ္းမယ့္ အသင္းေတြကို စဥ္းစားဖြယ္ရွိတယ္လို႔ေဖာ္ျပထားပါတယ္။

ရမ္ေဆး ကို ေခၚယူဖို႔စိတ္ဝင္စားေနတဲ့လန္ဒန္ကလပ္(၂)သင္းကေတာ့ ဒီေျပာင္းေရႊ႕ေၾကးကိုေပးဖြယ္မရွိဘူးလို႔ သတင္းမွာဆိုထားပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ အခုအေျပာင္းအေရႊ႕မစတင္ထဲက ကြင္းလယ္ပိုင္းကို အေျပာင္းအလဲျပဳလုပ္ထားတာျဖစ္ပါတယ္။အသင္းရဲ့ကြင္းလယ္ကစားသမား ယာနစ္ ကို ဘာစီလိုနာ အသင္းထံပို႔ခဲ့ၿပီး ဘာစီလိုနာ အသင္းက မယ္လို ကို ေခၚယူထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *