ကမ္ဘာ့ဝင်ငွေအကောင်းဆုံးစာရင်းမှာ ရော်နယ်ဒိုကို အသာစီးယူထားဆဲ မက်ဆီ

နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ထုတ်ပြန်ချက်တွေအရ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်အတွက် ဝင်ငွေအကောင်းဆုံးရကစားသမားအဖြစ် ထိ်ပ်ဆုံးမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ ဘာစီလိုနာက ထွက်ခွာဖို့တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ရော်နယ်ဒိုထက် အသာစီးရရှိနေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ စုစုပေါင်း ပေါင် ၉၈ သန်းအထိရရှိခဲ့ပြီးတော့ လစာငွေပေါင် ၇၁.၆ သန်းရရှိခဲ့ကာ စပွန်ဆာစာချုပ်တွေကနေ ပေါင် ၂၆.၄သန်း ရရှိခဲ့ပါတယ်။ မဟာပြိုင်ဘက်ကြီးရော်နယ်ိုကတော့ ပေါင် ၉၁သန်းရရှိခဲ့ပြီး မက်ဆီနဲ့ ၇ သန်းကွာဟခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ Followers အများဆုံးပိုင်ဆိုင်ထားတဲ့ စူပါစတားကြီးကလည်း အဆင့် ၂နေရာမှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။

အဆင့် ၃ နေရာမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ဆက်လက်ရှိနေပြီး ပေါင် ၇၄.၄ သန်း၊ စတုတ္ထနေရာမှာ ဘတ်ပီက ပေါင် ၃၂.၆သန်း၊ ပဥ္စမနေရာမှာတော့ ဆာလာက ပေါင် ၂၈.၈ သန်းရရှိခဲ့ကာ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ အမျာဆုံးရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးတော့ ပေါ့ဂ်ဘာ၊ ဂရစ်မန်း၊ ဘေးလ်၊ လီဝန်ဒေါစကီး၊ ဒီဂီယာတို့က ကျန်နေရာတွေမှာ အစဉ်လိုက်ရှိနေခဲ့ပါတယ်။

မက်ဆီအနေနဲ့ ကစားသမားဘဝမှာ စုစုပေါင်းဝင်ငွေတစ်ဘီလျံရရှိထားတဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်ချင်းစီအလိုက် ဝင်ငွေအများဆုံးရရှိမှုမှာတော့ သူ့ရဲ့နံပါတ်တစ်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့့ပြီး ရော်နယ်ဒိုကို အသာစီးရယူထားဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *