ခရစ်တီယာနိုရော်နယ်ဒို နဲ့ မယုံကြည်နိုင်ဖွယ် စွမ်းဆောင်ရည်ကောင်း (၁၂)ချက်

ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်သလို စံချိန်များစွာကို ရိုက်ချိူးပြီး ကိုယ်ပိုင်လည်း စိုက်ထူခဲ့တဲ့ ရော်နယ်ဒိုမှာ အများနဲ့မတူပဲ ပိုမိုထူးခြားတဲ့ အချက်လက်များစွာ ကိုပိုင်ဆိုင်နေတာကသိပ်တော့မဆန်းလှပါဘူး။ရော်နယ်ဒို မှာ တစ်ဦးချင်း မှတ်တိုင်များစွာ ရှိနေသလို ဒီထဲကမှ အထူးခြားဆုံးနဲ့ ပရိတ်သတ်တွေလည်း မသိနိုင်လောက်မယ့် (၁၂)ချက်ကို ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

၁)နိုင်ငံအသင်း ရာပြည့်ဂိုး ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ UEFA Nation’s League ပြိုင်ပွဲမှာ ဆွီဒင်အသင်းဖက်ကို အနိုင်ဂိုးနှစ်ဂိုးလုံးသွင်းယူ‌ခဲ့ပြီးနောက် ရော်နယ်ဒို က နိုင်ငံအသင်း ဂိုးရာပြည့်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဥရောပ ကစားသမားဖြစ်လာခဲ့ပါပြီ။

၂) အွန်နရီ နဲ့ ဗန်ပါစီထက်သာလွန်တဲ့စွမ်းရည် ရော်နယ်ဒို ရဲ့ နိုင်ငံတကာ သွင်းဂိုး (၁၀၁) ဂိုးအထိရှိလာခဲ့တဲ့နောက် ကမ္ဘာကျော်တိုက်စစ်မှုးတွေဖြစ်ပြီး နိုင်ငံအသင်းတွေရဲ့ဂိုးအများဆုံးသွင်းထားသူတွေဖြစ်တဲ့ ပြင်သစ်ရဲ့ အွန်နရီ (၅၁)ဂိုးနဲ့ နယ်သာလန်ရဲ့ ဗန်ပါစီ ဂိုး(၅၀) တို့ရဲ့ စံချိန် နှစ်ခုပေါင်းက ရော်နယ်ဒိုတစ်ယောက်ထဲရဲ့စံချိန်နဲ့ ကိုက်ညီနေတာကိူ ထူးခြားစွာ တွေ့ခဲ့ရပါတယ်။

၃)နိုင်ငံအသင်းနှစ်ယောက်ပေါင်းထပ်များပြားတဲ့စံချိန်ရှင် ရော်နယ်ဒို ရဲ့ သွင်းဂိုးအရေတွက်က ပြိုင်ဘက်နိုင်ငံအသင်းတွေရဲ့ကစားသမားတွေထက်တင်မကပဲ ပေါ်တူဂီ ဂန္နဝင်ကစားသမားတွေဖြစ်တဲ့ ပေါလ်လီတာ(၄၇)ဂိုး၊အီစဘယ်ယို(၄၁) ဂိုး တို့ရဲ့နှစ်ယောက်ပေါင်းသွင်းဂိုး (၈၈)ဂိုးထက်လည်းပိုမိုများပြားပါသေးတယ်။

၄)နိုင်ငံအသင်း ဂိုးသွင်းအများဆူံးဖြစ်ဖို့ နီးစပ်နေသူ ရော်နယ်ဒိုက (၁၀၁) ဂိုးရရှိထားတာကြောင့် နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ အီရန်ရဲ့ Ali Daei (၁၀၉) ဂိုးကိုမှီဖို့ (၈)ဂိုးသာကျန်ရှိပြီး (၃၅)နှစ်အရွယ် ရော်နယ်ဒို အတွက် စံချိန်သစ်တင်ဖို့ အကောင်းဆုံးမှတ်တိုင်လည်းဖြစ်နေပါတယ်။

၅) နိုင်ငံအတွက် ပွဲအရေတွက်ထက် ဂိုးပိုသွင်းသူ ရော်နယ်ဒို က ပေါ်တူဂီအတွက်နောက်ဆူံးကစားခဲ့တဲ့ (၄၇)ပွဲမှာ (၄၉)ဂိုးအထိသွင်းယူထားပြီး ပွဲအရေတွက်ထက် သွင်းဂိုးကပိုမိုများပြားနေပါတယ်။

၆)အသင်းဖော်တိုင်းထက်ဂိုးပိုများတဲ့ ကစားသမား ရော်နယ်ဒို ရဲ့ နိုင်ငံအဆင့်သွင်းဂိုးတွေကြောင့် လက်ရှိကစားနေတဲ့ ယူဗင်တပ်စ် အပါဝင်၊ရီးရဲလ်၊ယူနိုက်တဒ် တို့က အသင်းဖော်တိုင်းထက် သူက နိုင်ငံအသင်း သွင်းဂိုးပိုမိုများပြားပါတယ်။

၇)သွင်းဂိုး (၇၀၀) ရော်နယ်ဒို က ၂၀၁၉ မှာပဲ ရိုမာရီယို၊ဂျာရတ်မူလာ တို့ရဲ့ ပြိုင်ပွဲစုံသွင်းဂိုး (၇၀၀) ပြည့်မြောက်ထားတဲ့ အုပ်စုထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီကတော့ ယခု ၂၀၂၀ မှသာ‌ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

၈)ယူဗင်တပ်စ်စံချိန်ရှင် အီတလီကိုရောက်ပြီးပြီးချင်းပဲ စံချိန်တွေချိုးဖြတ်နေတဲ့ ရော်နယ်ဒို က ၁၉၂၅-၁၉၂၆ ရာသီမှာ Hirzer တင်ထားတဲ့ (၃၅)ဂိုးစံချိန်ကိူကျော်ဖြတ်ပြီး (၃၇)ဂိုးနဲ့ ယူဗင်တပ်စ် အတွက် တစ်ရာသီအတွင်း ဂိုးအများ‌ဆုံးသွင်းယူတဲ့ ကစားသမားဖြစ်လာပါတယ်။

၉)အသက်ကြီးလာလေ ဂိုးပိုသွင်းလေ ဖြစ်လာသူ ရော်နယ်ဒို က ဝိုင်တစ်ပုလင်းဆိုရင် သူ့သွင်းဂိုးတွေက နှစ်ရှည်ကြာလေပိုများလာလေပါပဲ။၂၀၁၉-၂၀၂၀ ရာသီမှာ (၃၇)ဂိုးရပြီးနောက် ရော်နယ်ဒို က အသက်(၃၅) အထက်ကစားသမားတွေထဲ ဥရောပလိဂ်ငါးခုမှာ ဂိုးအများဆုံးသွင်းယူသူဖြစိလာပြီး ၁၉၄၇-၄၈ ရာသီက ရော့်ကီ ရဲ့ သွင်းဂိုး(၃၀)ထက်ပိုမိုများပြားခဲ့ပါတယ်။

၁၀) ဂိုး(၅၀)အမြန်ဆုံးပြည့်တဲ့ သူ အီတလီ မှာ ရှဗ်ရှန်ကို က ဂိုး(၅၀)ကို (၆၈) ပွဲနဲ့ စံချိန်တင်‌ခဲ့ပေမယ့် ရော်နယ်ဒို က (၆၁)ပွဲနဲ့ ဖြတ်ကျော်ကာ မှတ်တိုင်သစ် စိုက်ထူခဲ့ပါတယ်။

၁၁) လိဂ် သုံးခုရဲ့စံချိန်ရှင် ရော်နယ်ဒို က ပရီးမီးယားလိဂ်၊စီးရီးအေ၊လာလီဂါ သုံးခုလုံးမှာ သွင်းဂိုး (၅၀) ပြည့်တဲ့ တစ်ဦးတည်းသော ကစားသမားလည်းဖြစ်ပါတယ်။

၁၂)တည်ငြိမ်လွန်းတဲ့ အဆုံးသတ်သမား ရော်နယ်ဒိူက ပြီးခဲ့တဲ့ (၁၅)ရာသီအတွင်းမှာ တစ်ရာသီချင်းစီကို သွင်းဂိုး (၁၀)ဂိုးအထက်ရယူခဲ့ပြီး သူ့ရဲ့တည်ငြိမ်မှု့ကို ပြသခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *