ဖလားရပြီး လူမဝယ်တဲ့ လီဗာပူးလ်ကို ဝေဖန်လိုက်တဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ် ကစားသမား ဒီဘရိုင်းက PFA ဆုရပြီးနောက် အနည်းငယ်အကဲဆတ်နေသလို မီဒီယာကနေ ဝေ‌ဖန်မှု့တွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ မက်ဆီကို ခေါ်ယူချင်တဲ့ ကိုယ့်အသင်းကိုယ် ပြန်ဝေဖန်ခဲ့တဲ့ ဒီဘရိုင်းက ယခုတစ်ခါမှာလည်း လိဂ်အတွင်း အဓိက ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကို အပြောင်းရွှေ့မှာ လူဝယ်ယူမှု့မရှိတာနဲ့ ပက်သက်ပြီး ဖလားရပြီးပျော်ရွှင်နေသူတွေလို့ ဝေဖန်လိုက်ပြန်ပါတယ်။

လီဗာပူးလ်က ယခုရာသီမှာ တီမိုဝါနာ ကိုခေါ်ယူချင်ပေမယ့် လက်လွှတ်ခဲ့ရသလို လက်ရှိမှာလည်း သီယာဂိုအလ်ကန်တာယာခေါ်ယူရေးကမရေရာမှု့တွေ ဖြစ်နေလို့ လီဗာပူးလ် ပရိတ်သတ်တွေစိတ်ပျက်နေချိန်မှာ ဒီဘရိုင်းက စကားစစိထိုးလိုက်တာကြောင့်အတော်လေး ခံရခက်မှာတော့ အသေချာပါပဲ။

MANCHESTER, ENGLAND – JULY 02: Virgil van Dijk of Liverpool interacts with Kevin De Bruyne and Pep Guardiola, Manager of Manchester City after the Premier League match between Manchester City and Liverpool FC at Etihad Stadium on July 02, 2020 in Manchester, England. Football Stadiums around Europe remain empty due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in all fixtures being played behind closed doors. (Photo by Peter Powell/Pool via Getty Images)

ဒီဘရိုင်းက “တစ်ခါတစ်ရံလူတွေက အောင်မြင်မှု့ကြီးကြီးမားမားရပြီးရင် ဒီခံစားမှု့ထပ်ရဖို့ကို ကြိုစားလေ့မရှိတော့ပါဘူး။ဒီခံစားချက်မျိုးကို တူညီတဲ့အသင်းတစ်ခုထဲနဲ့ထပ်လုပ်ဖို့ကတော့ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလေ။ဘဝမှာ ပုဂ္ဂိုလ်ရေးအရဆို အပြောင်းလဲများစွာကြုံခဲ့ဖူးပြီးပါပြီ။ သေးငယ်တဲ့အရာ ဆိုရင်တောင် ဘဝကိုပြောင်းလဲလိုက်နိုင်တဲ့အနေထားမှာရှိနေပါတယ်။ဒဏိရာ၊လူနေမှု့ဘဝ အရာရာကထိခိုက်စေနိုင်ပါတယ်။ဘောလုံးဆိုတာက အစဉ်အမြဲတိုးတက်ဖို့နဲ့ လိုက်လျောညီထွေရှိဖို့လိုပေမယ့်ဘတစ်ကြိမ်အောင်မြင်ပြီးရင်တော့ နောက်တစ်ကြိမ်ဆိုတာကို တွေးဖို့ကပိုပြီးခက်ခဲပါလိမ့်မယ်”။

“ကျနော့်အထင် လီဗာပူးလ်က ဒီအဆင့်ကိုရောက်‌နေတယ်ထင်ပါတယ်။ကျနော့်အနေနဲ့တောလ ဖလားရတဲ့ခံစားချက် မျိုး ရှိစေဖို့ ဒီအသင်းကို ပြောင်းလဲဖို့မလိုဘူးလို့တွေးတာကလည်းမမှားပါဘူး။ ဒါပေမယ့် သူတို့ဘယ်လိုတွေးနေလည်းမသိပေမယ့် ဒါကသူတို့ရဲ့ ကိုယ်ပိုင်အတွေးပဲလေ။တစ်ခါတစ်လေ မှာ အောင်ပွဲတွေက အာရုံစူးစိုက်မှု့ကိုလျော့ကျစေသလို အောင်ပွဲတွေကပဲ ပိုပြီးဆာလောင်စေတဲ့စိတ်ကိုပေးစွမ်းနိုင်ပါတယ်။ ဒီတော့ သူတို့ဘာတွေးနေလည်းဆက်ကြည့်ရအောင်ပါ”။

Leave a Reply

Your email address will not be published. Required fields are marked *