စီးရီးအေမှာ ရော်နယ်ဒိုရဲ့ ဂန္ထဝင်တွင်မှုတွေ ရပ်တန့်တော့မှာလား?

ခရစ်တီယာနို ရော်နယ်ဒို လို့ ဆိုလိုက်တာနဲ့ ရောက်ရာနေရာမှာ အောင်မြင်မှု့များစွာ ရှာဖွေနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး ဂန္နဝင် ကစားသမားဆိုတာ လွဲမှားစရာမရှိပါဘူး။ ပရီးမီးယားလိဂ်၊လာလီဂါ နဲ့ ဆီးရီးအေ အထိ အောင်မြင်မှု့ကြီးမားခဲ့တဲ့ ရော်နယ်ဒို အတွက် အသက် အရွယ် ကြီးမြင့်လာတာ က တားဆီးမှု့တစ်ခု ဖြစ်မလာသေးပဲ အောင်မြင်မှု့ပန်းတိုင်တွေ ဆက်တိုက် စိုက်ထူနေဆဲပဲပါပဲ။

အီတလီ လိဂ်ဟာ ပရီးမီးယားလိဂ်၊လာလီဂါ တို့ထက် လွယ်ကူတယ်လို့ဆိုနိုင်ပေမယ့် ယူဗင်တပ်စ် တစ်သင်းလုံးကို ရော်နယ်ဒို ထမ်းတင်ထားတဲ့ အင်အားက လျှော့တွက်လို့မရတာကြောင့် ပေါ်တူဂီသားရဲ့ ခြေစွမ်းအပေါ်မှာ အထင်သေးလို့တော့မရနိုင်ပါဘူး။ ရော်နယ်ဒို က ဆာရီ ရဲ့အသင်းကို အခက်ခဲမျိုးစုံကြားကနေပဲ ဖလားရအောင်စွမ်းဆောင်ပေးခဲ့ပေမယ့် လာမယ့်ရာသီမှာ နည်းပြအတွေ့ကြုံနည်းပါးလွန်းတဲ့ ပီယာလို ကိုရော ထပ်ပြီးကူညီနိုင်ပါ့မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ရော်နယ်ဒိူ အတွက် ဒိုင်ဘာလားတစ်ယောက်သာ အကူညီကျန်ရှိနေတဲ့အချိန်မှာ ပြိူင်ဘက်အသင်းတွေကအင်အားပိုမိုတောင့်တင်းလာပြီး ပြီးခဲ့တဲ့ရာသီက တိုက်စစ်အစွမ်းပြခဲ့တဲ့ အက်တလန်တာ အသင်းက မနှစ်ကလူစာရင်းတိုင်းရှိ‌သေးသလို အင်တာမီလန်၊အေစီမီလန်၊နာပိုလီ အသင်းတို့က ကပိုမိုအင်အားတောင့်တင်းလာတာကြောင့် ရော်နယ်ဒို အတွက် ဖလားလက်မဲ့ရာသီနဲ့စတင်ရင်ဆိုင်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အောင်မြင်ခဲ့တဲ့ နည်းပြ ကွန်တီ ကို ဆက်လက် တာဝန်ပေးထားသလို ဖြည့်တင်းမှု့တွေလည်းဆက်တိုက်ပြုလုက်ထားပါတယ်။ ဟာကီမီ လို အရည်အသွေးမြင့်တောင်ပံခံစစ် ကစားသမား ကိုခေါ်ယူလိုက်တာက ကွန်တီရဲ့ မဟာဗျူဟာ ကိုထပ်မံ ထောက်ပံ့လိုက်တာဖြစ်ပြီး လော်ရန်တိုမာတီနက်ဇ် ကို ဆက်လက်ထိန်းသိမ်းထားနိုင်လို့ အင်တာမီလန်အသင်းဟာ လာမယ့်ရာသီအတွက် အီတလီချန်ပီယံအဖြစ်ရေပန်းစားနေပါတယ်။ မိုဗခ်ျ ကို စာချုပ်သက်တမ်းထပ်တိုးနိုင်ခဲ့ပြီး တိုနာလီ လို အီတလီ ကြယ်ပွင့်ကိုခေါ်ယူနိုင်ခဲ့တဲ့ အေစီမီလန် အသင်းကလည်း ဖလားစိန်ခေါ်မှု့ပြိုင်ပွဲထဲပြန်ရောက်လာနိုင်လို့ တစ်ကောင်ထဲပြေးတဲ့ လိဂ်မဟုတ်တော့တဲ့ အီတလီ မှာ ရော်နယ်ဒိုတစ်ယောက် ရုန်းကန်နိုင်ပါ့မလားဆိုတာတော့….

Leave a Reply

Your email address will not be published. Required fields are marked *