ဟယ်ရီကိန်းနဲ့ ဂျိမ်းစ် ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီ

တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ယနေ့ည ၁၀ နာရီမှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။

အဲဗာတန်အသင်းက ယခုနွေရာသီမှာ ၂၀၁၄ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူထားပြီး ရီးရဲမက်ဒရစ်ကြယ်ပွင့်ဟောင်းက အင်္ဂလိဂ်ဘောလုံးလောကရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ အပြိုင် ခြေကုန်ထုတ်ပြရမယ့်ပွဲဆိုလည်း မမှားပါဘူး။ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဲဗာတန်ကို ရင်ဆိုင်ဖို့က အခက်အခဲမရှိဘူးလို့ ဆိုရလောက်အောင် နောက်ဆုံးတွေ့ဆုံထားတဲ့မှတ်တမ်းတွေအရ အပြတ်အသတ်အသာစီးရရှိထားတာကို တွေ့ရပါတယ်။

ထိပ်တိုက်တွေ့ဆုံထားမှုမှာ တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်တို့ဟာ ပရီးမီးယားလိဂ်ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ပြီးနောက် ၅၆ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ စပါးက ၂၇ ပွဲနိုင် ၂၁ ပွဲသရေ အဲဗာတန်က ၇ ပွဲသာ နိုင်ပွဲရရှိထားခဲ့တာဖြစ်ပါတယ်။

ပွဲကြိုအချက်အလက်များ

-စပါးဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ နည်းပြဘိုအက်စ်လက်အောက်မှာ ၂-၁ နဲ့ ရှုံးနိမ့်ပြီးကတည်းက နောက်ဆုံးပရီးမီးယားလိဂ် ၁၅ ကြိမ်တွေ့ဆုံမှုမှာ ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ၈ ပွဲနိုင် ၇ ပွဲသရေရလဒ်ရရှိထားပါတယ်။

-အဲဗာတန်ဟာ တော့တင်ဟမ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ၂၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၂၀၀၈ နိုဝင်ဘာနောက်ပိုင်း ၁၁ ကြိမ်စလုံး နိုင်ပွဲမရခဲ့ပါဘူး။

-စပါးနဲ့အဲဗာတန်တို့ဟာ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၁ အဖြစ် စတင်တွေ့ဆုံခဲ့တာဟာ ယခုပွဲစဉ်နဲ့ဆိုရင် ၁၁ ကြိမ်မြောက်ဖြစ်ပြီး အခြားတွေ့ဆုံမှုတွေထက် ၃ ကြိမ် ပိုမိုနေတာဖြစ်ပါတယ်။

-စပါးအသင်းဟာ ပြီးခဲ့တဲ့ ၃ ရာသီစလုံး ရာသီအဖွင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီး ၁၉၆၄-၁၉၆၅ ကနေ ၁၉၆၇-၁၉၆၈ ရာသီကြား ၄ ရာသီဆက်တိုက်အနိုင်ရပြီးကတည်းက ၄ ရာသီဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိသေးပါဘူး။

-အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး ပွဲစဉ် ၁ မှာ ကစားသမားထုတ်ပယ်ခံခဲ့ရပြီး ယနေ့ပွဲစဉ်မှာ ထပ်မံထုတ်ပယ်ခံရမယ်ဆိုရင် ၃ ရာသီဆက်တိုက် ပထမဆုံးပွဲစဉ်မှာ အနီကတ်ပြရရှိတဲ့အသင်းဖြစ်လာတော့မှာပါ။

-အဲဗာတန်ဟာ လန်ဒန်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၉ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီး ၂၀၁၉ မတ်လက ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တာပါ။

နှစ်ဖက်အသင်းသတင်းများ

ဟယ်ရီဝင့်ခ်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး ယနေ့ပွဲစဉ်မှာလည်း ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပေမယ့် ကျန်တဲ့ကစားသမားတွေအားလုံး ဒဏ်ရာရရှိထားခြင်းမရှိပါဘူး။

မေဆင်ဟိုးလ်ဂိတ်က ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ပရက်စ်တန်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာက အဲဗာတန်တို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ယနေ့ပွဲမှာ ပါဝင်ကစားပေးဖို့ မသေချာပါဘူး။ ဒါကြောင့် ယယ်ရီမီနာနဲ့ မိုက်ကယ်ကိန်းတို့က ခံစစ်မှာ ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဂျင်းဖိလစ်ဂဘာမင်ရဲ့ကာလရှည်ဒဏ်ရာကလည်း အန်ဆယ်လော့တီရဲ့ တစ်ခုတည်းသော ပြဿနာဖြစ်နေပြီး အသစ်ခေါ်ယူထားတဲ့ အယ်လန်နဲ့ ဒိုကိုရေးတို့ဟာ ပွဲဦးထွက်ပါဝင်လာနိုင်ပြီး ဂျိမ်းစ်ရိုဒရီဂွက်ကတော့ ပရီးမီးယားလိဂ်ကစားဟန်ကို လေ့လာရင်း လူစားဝင်ကစားသမားအဖြစ် ဝင်ကစားလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

ခန့်မှန်းပွဲပြီးရလဒ် ၁-၁

(Zawgyi)

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ယေန႔ည ၁၀ နာရီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁ အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကေတာ့မွာျဖစ္ပါတယ္။

အဲဗာတန္အသင္းက ယခုေႏြရာသီမွာ ၂၀၁၄ ကမၻာ့ဖလားေရႊဖိနပ္ဆုရွင္ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို ေခၚယူထားၿပီး ရီးရဲမက္ဒရစ္ၾကယ္ပြင့္ေဟာင္းက အဂၤလိဂ္ေဘာလုံးေလာကရဲ့ ထိပ္တန္းဂိုးသြင္းရွင္တစ္ဦးျဖစ္တဲ့ ဟယ္ရီကိန္းနဲ႔ အၿပိဳင္ ေျခကုန္ထုတ္ျပရမယ့္ပြဲဆိုလည္း မမွားပါဘူး။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ အဲဗာတန္ကို ရင္ဆိုင္ဖို႔က အခက္အခဲမရွိဘူးလို႔ ဆိုရေလာက္ေအာင္ ေနာက္ဆုံးေတြ႕ဆုံထားတဲ့မွတ္တမ္းေတြအရ အျပတ္အသတ္အသာစီးရရွိထားတာကို ေတြ႕ရပါတယ္။

ထိပ္တိုက္ေတြ႕ဆုံထားမႈမွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အဲဗာတန္တို႔ဟာ ပရီးမီးယားလိဂ္ဆိုၿပီး ေျပာင္းလဲေခၚတြင္ခဲ့ၿပီးေနာက္ ၅၆ ႀကိမ္ ေတြ႕ဆုံထားခဲ့ရာမွာ စပါးက ၂၇ ပြဲနိုင္ ၂၁ ပြဲသေရ အဲဗာတန္က ၇ ပြဲသာ နိုင္ပြဲရရွိထားခဲ့တာျဖစ္ပါတယ္။

ပြဲႀကိဳအခ်က္အလက္မ်ား

-စပါးဟာ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလ နည္းျပဘိုအက္စ္လက္ေအာက္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ၿပီးကတည္းက ေနာက္ဆုံးပရီးမီးယားလိဂ္ ၁၅ ႀကိမ္ေတြ႕ဆုံမႈမွာ ရႈံးနိမ့္ခဲ့ျခင္းမရွိဘဲ ၈ ပြဲနိုင္ ၇ ပြဲသေရရလဒ္ရရွိထားပါတယ္။

-အဲဗာတန္ဟာ ေတာ့တင္ဟမ္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ ၂၈ ပြဲမွာ ၃ ပြဲသာ အနိုင္ရရွိခဲ့ၿပီး ၂၀၀၈ နိုဝင္ဘာေနာက္ပိုင္း ၁၁ ႀကိမ္စလုံး နိုင္ပြဲမရခဲ့ပါဘူး။

-စပါးနဲ႔အဲဗာတန္တို႔ဟာ ပရီးမီးယားလိဂ္မွာ ပြဲစဥ္ ၁ အျဖစ္ စတင္ေတြ႕ဆုံခဲ့တာဟာ ယခုပြဲစဥ္နဲ႔ဆိုရင္ ၁၁ ႀကိမ္ေျမာက္ျဖစ္ၿပီး အျခားေတြ႕ဆုံမႈေတြထက္ ၃ ႀကိမ္ ပိုမိုေနတာျဖစ္ပါတယ္။

-စပါးအသင္းဟာ ၿပီးခဲ့တဲ့ ၃ ရာသီစလုံး ရာသီအဖြင့္ပြဲစဥ္ကို အနိုင္ရရွိခဲ့ၿပီး ၁၉၆၄-၁၉၆၅ ကေန ၁၉၆၇-၁၉၆၈ ရာသီၾကား ၄ ရာသီဆက္တိုက္အနိုင္ရၿပီးကတည္းက ၄ ရာသီဆက္တိုက္ နိုင္ပြဲရရွိျခင္းမရွိေသးပါဘူး။

-အဲဗာတန္အသင္းဟာ ၿပီးခဲ့တဲ့ ၂ ရာသီစလုံး ပြဲစဥ္ ၁ မွာ ကစားသမားထုတ္ပယ္ခံခဲ့ရၿပီး ယေန႔ပြဲစဥ္မွာ ထပ္မံထုတ္ပယ္ခံရမယ္ဆိုရင္ ၃ ရာသီဆက္တိုက္ ပထမဆုံးပြဲစဥ္မွာ အနီကတ္ျပရရွိတဲ့အသင္းျဖစ္လာေတာ့မွာပါ။

-အဲဗာတန္ဟာ လန္ဒန္မွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၉ ပြဲမွာ ၁ ပြဲသာအနိုင္ရရွိခဲ့ၿပီး ၂၀၁၉ မတ္လက ဝက္စ္ဟမ္းကို အနိုင္ရရွိခဲ့တာပါ။

ႏွစ္ဖက္အသင္းသတင္းမ်ား

ဟယ္ရီဝင့္ခ္ဟာ ဒဏ္ရာေၾကာင့္ အဂၤလန္လက္ေရြးစင္လူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီး ယေန႔ပြဲစဥ္မွာလည္း ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနေပမယ့္ က်န္တဲ့ကစားသမားေတြအားလုံး ဒဏ္ရာရရွိထားျခင္းမရွိပါဘူး။

ေမဆင္ဟိုးလ္ဂိတ္က ရာသီႀကိဳေျခစမ္းပြဲျဖစ္တဲ့ ပရက္စ္တန္နဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တာက အဲဗာတန္တို႔အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး ယေန႔ပြဲမွာ ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။ ဒါေၾကာင့္ ယယ္ရီမီနာနဲ႔ မိုက္ကယ္ကိန္းတို႔က ခံစစ္မွာ ပြဲထြက္ပါဝင္လာဖြယ္ရွိေနပါတယ္။ ဂ်င္းဖိလစ္ဂဘာမင္ရဲ့ကာလရွည္ဒဏ္ရာကလည္း အန္ဆယ္ေလာ့တီရဲ့ တစ္ခုတည္းေသာ ျပႆနာျဖစ္ေနၿပီး အသစ္ေခၚယူထားတဲ့ အယ္လန္နဲ႔ ဒိုကိုေရးတို႔ဟာ ပြဲဦးထြက္ပါဝင္လာနိုင္ၿပီး ဂ်ိမ္းစ္ရိုဒရီဂြက္ကေတာ့ ပရီးမီးယားလိဂ္ကစားဟန္ကို ေလ့လာရင္း လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားလိမ့္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္ (၁-၁)

Leave a Reply

Your email address will not be published. Required fields are marked *