မန်စီးတီးရဲ့ အောင်ပွဲခံပါတီကို ဖျက်စီးပစ်မယ်လို့ ဘရိုက်တန်ကစားသမားများ ကြုံးဝါး

ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံးပွဲအဖြစ် မန်စီးတီးနဲ့ ကစားရမယ့် အိမ်ကွင်းပွဲကို အနိုင်ကစားပြီး မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ရိုက်ချိုးပစ်မယ်လို့ ဘရိုက်တန်ကစားသမားတွေက ရည်ရွယ်နေပါတယ်။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နေခဲ့တဲ့ အသင်းအဖြစ်
ရှိနေခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ဆက်လက်ကစားခွင့် ရရှိဦးမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရိုက်တန်ကစားသမားတချို့ကတော့ မန်စီးတီးနဲ့ပွဲကို အနိုင်ကစားဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။ ဘရိုက်တန်ဂိုးသမား မတ်ရွိုင်ယန်က “ကျွန်တော့် သူငယ်ချင်းတွေ နဲ့ မိသားစုဝင်တွေက လီဗာပူးလ်ပရိသတ်ပါ၊ လီဗာပူးလ်က ဆုဖလားကိုဆွတ်ခူး
ဖို့ အခွင့်အရေးရှိနေပါသေးတယ်၊ သူတို့က မန်စီးတီးကို အနိုင်ကစားပေးဖို့ ကျွန်တော်တို့ မက်ဆေ့ခ်ျတွေ ပေးပို့ခဲ့ပါတယ်”

” မန်စီးတီးရဲ့ အောင်ပွဲခံပါတီကို ရပ်တန့်နိုင်မယ်ရင်တော့ အရမ်းကောင်းမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ နောက်ခံလူတစ်ဦးဖြစ်တဲ့ ရှိန်းဒပ်ဖီကလည်း အိမ်ကွင်းနောက်ဆုံးပွဲမှာ မန်စီးတီးကို အနိုင်ကစားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ဒပ်ဖီက ဘရိုက်တန်အနေနဲ့ မန်စီးတီးကို ဒုက္ခပေးသွားပြီး သူတို့ရဲ့ ဘရိုက်တန်ကွင်းမှာ အောင်ပွဲခံမယ့် အစီအစဉ်ကို ဖျက်သိမ်းပစ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“ကစားသမားအားလုံးက မန်စီးတီးရဲ့ အောင်ပွဲကို ဖျက်ဆီးဖို့ စိတ်လှုပ်ရှားနေကြပါပြီ၊ အဲဗာတန်ပရိသတ်တချို့ကလည်း ကျွန်တော်တို့ကို မက်ဆေ့ဂ်ျပို့ခဲ့ပါတယ်၊ မန်စီးတီးကို အနိုင်မကန်ဖို့အတွက်ပေါ့၊ ဒါပေမယ့် ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်ကစားသမားတွေပါ၊ အဲဗာတန်အတွက်
ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး၊ ဘရိုက်တန်မှာကစားနေတာဖြစ်လို့ အသင်းအတွက်ပဲ ကျွန်တော်ကစားသွားမှာပါ” လို့ ဒပ်ဖီက ပြောခဲ့ပါတယ်။

မန်စီးတိးကတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရရုံနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ ခြေချော်ခဲ့မယ်ဆိုရင် လီဗာပူးလ်က ၀ုလ်ဗ်ကို အနိုင်ကစားခဲ့မယ်ဆိုရင်တော့ ဆုဖလားကို လီဗာပူးလ်တို့ ဆွတ်ခူးနိုင်မှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *